Posts

Showing posts from September, 2021

သခွားသီးက ပေးစွမ်းနိုင်တဲ့ အလှအပ

Image
  ပျိုပျိုမေတို့ သခွားသီးလေး ရှိရုံနဲ့ လှပနိုင်ပြီဆိုရင် အံ့သြသွားလောက်ပါတယ်။ သခွားသီးမှာ အလှအပအတွက် အံ့သြစရာကောင်းလောက်တဲ့ အကျိုးကျေးဇူးတွေ အများကြီး ပါဝင်ပါတယ်။ ပျိုပျိုမေတို့ သုံးတဲ့ တချို့ အလှကုန်ပစ္စည်းတွေမှာလည်း သခွားသီးကို အခြေခံပြီး ထုတ်လုပ်ထားတာတွေ ရှိတယ်နော်။ သခွားသီးက အလှအပအတွက် ဘယ်လိုအကျိုးပြုတာလဲ၊ သခွားသီးကို အလှအပအတွက် ဘယ်လို အသုံးပြုလို့ ရမလဲဆိုတာ ဖတ်ကြည့်ဦးနော်။ သခွားသီးဟာ ရေဓာတ်အများဆုံး ပါဝင်တဲ့ အသီးတစ်မျိုး ဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်တာမို့ အရေပြား ကျိန်းစပ်ခြင်း၊ အသားမှာ နီစပ်စပ်ဖြစ်တာတွေကို သက်သာစေပါတယ်။ သခွားသီးမှာ မျက်လုံးဖောင်းအစ်ခြင်းတွေကို တားဆီးပေးနိုင်တဲ့ Caffeic အက်ဆစ်လည်း ပါဝင်ပါသေးတယ်။ ဒါ့အပြင် သခွားသီးမှာ PH ပမာဏကို ထိန်းညှိပြီးသား ဖြစ်တာမို့ အသားအရေခြောက်ခြင်းကိုလည်း မဖြစ်စေနိုင်ပါဘူး။ သခွားသီးမှာ အမျှင်ဓာတ်တွေလည်း ပါဝင်သလို ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တွေလည်း ပါဝင်ပါသေးတယ်။ ဒီဓာတ်တွေဟာ ခန္ဓာကိုယ်ကို များစွာ အကျိုးပြုပါတယ်။ အရိုး၊ ကြွက်သားတွေကို ကောင်းမွန်စေပါတယ်။ သခွားသီးမှာ Silica လည်း ပါဝင်တာမို့ အသားအရေ ကြည်လင်တောက်ပစေပြီး ရေဓာတ်များများ ရလို့ ကျန်းမ